အောင်မြင်ရေး အနှစ်သာရများ

8,500 MMK
Availability:: In Stock Out of Stock
Size: KTY003
Wun Zinn to Home

Available Options

  • KTY003
+
" လူတိုင်းမှာ ကိုယ်စီ နာကျင်မှုဒဏ်ရာတွေ ရှိတတ်ကြတယ်။ သေးတာကြီးတာ ကွာခြားမယ်၊ နာကျင်မှုအပေါ် ခံယူချက်ကွာခြားမယ်။ ဒါပေမယ့် သေချာတာက အောင်မြင်သွားတဲ့သူတိုင်းက ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေကို အောင်မြင်မှုအတွက် လှေကားထစ်တွေလို အသုံးချခဲ့ကြသူများဖြစ်တယ် " စံချိန်တင်ရောင်းချခဲ့ရတဲ့ အရောင်းရဆုံးစာရင်းဝင် ဒေါက်တာကတ်သရင်းရေးသားထားတဲ့ ပထမမြောက်စာအုပ် '' လှေကားထစ်လေးများ" နှင့် ဒုတိယမြောက်စာအုပ် " ဘဝကိုပြောင်းလဲစေမည့် အတွေးအခေါ်များ " စတဲ့ စာအုပ်နှစ်အုပ်ကို ပြန်လည်ပေါင်းစည်းပြီး အသစ်သစ်သော စာပေဗဟုသုတများထပ်ပေါင်းထည့်ထားတဲ့ အခန့်ချုပ်စာအုပ်အသစ်ဖြစ်ပါတယ်။ " စာအုပ်စာပေလူ့မိတ်ဆွေ " ဆိုသလို ကောင်းမွန်သော စိတ်အာဟာရ နှလုံးသား အာဟာရဖြစ်စေမည့် စာပေများဖတ်ရှုခြင်းသည် မိမိဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ အတွေးအခေါ်ကောင်းတွေရရှိနိုင်ပါတယ်။ ဘဝမှာ သင်ကြားဖူးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် လေ့လာဆည်းပူးခဲ့သမျှကို အခြေခံပြီး စာဖတ်သူများအတွက် တတိယမြောက်အထူးထုတ်ကို ဒီဇင်ဘာလမွေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်ဝေခဲ့ပါတယ်လို့ ဆရာမကဆိုထားပါတယ်။