ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့

2,000 MMK
Availability:: In Stock Out of Stock
Size: 1 Pc
Wun Zinn to Home

Available Options

  • 1 Pc
+
" ချစ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်စချစ်ရာကနေမွေးဖွားလာတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူကိုပဲဖြစ်ဖြစ် တန်ဖိုးထားတတ်ကြပါစေ " လူတိုင်းလိုလို မကင်းနိုင်တဲ့ အချစ်ကြောင့် လမ်းတွေ့သွားတဲ့သူရှိသလို အချစ်ကြောင့်ပဲ လမ်းပျောက်သွားသူတွေလည်း မနည်းလှပါဘူး။ အချစ်က ဘဝမဟုတ်ပါဘူး . . . အချစ်က ဘဝတစ်စိတ်တပိုင်းပါလို့ ဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘဝပျက်သွားကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒီစာအုပ်ကအချစ်ကြောင့် လမ်းပျောက်သူကိုလမ်းစရှာပေးနိုင်ချင်မှာရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ခံပြင်းမှုဝေဒနာတွေကိုတော့ သက်သာစေမှာပါ။ အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကိုပိုပိုပြီး ချစ်တတ်၊ တန်ဖိုးထားတတ်လာစေမှာပါ။ အချစ်မရှိတစ်ကိုယ်ရေတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ယုံကြည်ပါတယ်။ အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှုဘ၀ကြောင့် သောကတွေ၊ ကြောင့်ကျမှုတွေ၊ ဝမ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့အားအင်နဲ့နေခဲ့ရင် ဒီစာအုပ်က အလင်းတစ်စက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။